သိုင်းလောကရဲ့ စိန်ခေါ်သံ
တရုတ်သိုင်း၀တ္ထုစာရေးဆရာကြီး ကျင်းယုံ ရေးသားခဲ့တဲ့ "သိုင်းလောကရဲ့စိန်ခေါ်သံ" ဇာတ်လမ်းတွဲကိုတော့ တရုတ်သိုင်းကားကြိုက်နှစ်သက်ကြသူ ပရိသတ်တွေ ရင်းနှီးကြမှာပါ။ ၀တ္ထုအဖြစ်နဲ့ရော၊ ရုပ်သံဇာတ်လမ်းတွဲအဖြစ်နဲ့ပါ အောင်မြင်မှုအစဉ်အလာတွေကြီးမားခဲ့တဲ့ ဒီဇာတ်လမ်းတွဲကြီးကို အခုတစ်ခါမှာတော့ ဇာတ်လမ်း Z-Lann ကနေ အသံဇာတ်လမ်းအဖြစ်တင်ဆက်ပေးဖို့ ရွေးချယ်ထားပါတယ်။ ဒီလိုတင်ဆက်ပေးမယ့် အသံဇာတ်လမ်းကနေတစ်ဆင့် တစ်ချိန်တုန်းကရင်းနှီးခဲ့တဲ့ သိုင်းလောကရဲ့ဇာတ်ကောင်တွေကို ပြန်လည်ဆုံတွေ့လိုက်ကြရအောင်နော်။

Trending
Episodes
from Z Lann
Top Blog Posts
မထင်မှတ်ဘဲ ထီးနန်းရခဲ့သူ မင်းကြီး စွာစော်ကဲ
September 12, 2025
ထိုင်းနိုင်ငံရဲ့ သိပ္ပံနှင့်နည်းပညာဖခင်ကြီး ဘုရင် မောင်းကွတ်
September 10, 2025
နံကရိုင်းမယ်တော်
September 8, 2025
ဟန်ချက်ညီ ထိန်းညှိမှုရဲ့ နက်ရှိုင်းတဲ့ သဘောတရား ယင်နဲ့ယန်
September 8, 2025
တစ်ခုတည်းသော မိကျောင်း ဘေးမဲ့တော
August 28, 2025
ကမ္ဘာ့အမွေအနှစ် ရှေးဟောင်းမြို့တော် ယင်းရွှီ
August 26, 2025
Videos from
Z Lann YouTube Channel
“ပါးစပ်ရာဇဝင်တို့၏ဒဏ္ဍာရီ”
သဘာဝနဲ့ဆန့်ကျင်နေတဲ့ ထူးခြားတဲ့ သွင်ပြင်ပုံစံလက္ခဏာနဲ့ ဒဏ္ဍာရီပုံပြင်တွေထဲက သတ္တဝါဆန်းတွေ၊
စာပေကျမ်းဂန်တွေထဲ တိတိပပ ဖော်ပြထားပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အဆင်းအင်္ဂါရပ်တွေနဲ့ တောကြီးမျက်မဲအမှောင်ထုတွေကြား ကျင်လည်ကျက်စား အန္တရာယ်အလွန်ကြီးမားခဲ့တဲ့ တစ်ခေတ်တစ်ခါက ဒီလိုသတ္တဝါကြီးတွေ၊
သာမန်မြင်တွေ့နေကျပုံစံမဟုတ် ထူးခြားတဲ့အသွင်အပြင် ပိုင်ဆိုင်တဲ့ သတ္တဝါဆန်းတွေ နဲ့ ဒဏ္ဍာရီပုံပြင်တွေ ရာဇဝင်ကျမ်းဂန်တွေထဲမှာသာ တွေ့မြင်ရလေ့ရှိတဲ့ သဘာဝလွန်ဆန်းကြယ်မှုတွေဟာ တကယ်ရှိခဲ့သလား။…..
ပုံပြင်ဒဏ္ဍာရီတွေအရ ကျောချမ်း ကြောက်လန့်စရာပေမဲ့ တကယ်တမ်းက ဒီသတ္တဝါတွေ ဘယ်လိုရှင်သန်နေထိုင်ခဲ့ကြသလဲ။
ဘယ်လိုအကြောင်းတရားတွေက ဒီသတ္တဝါတွေကို တန်ခိုးဣဒ္ဓိပါဒ် ရှိနေစေခဲ့ကာ လူသားတို့အပူဇော်ခံဖြစ်လာရသလဲ။
ခေတ်အဆက်ဆက်၊ ရာဇဝင်အဆက်ဆက် ယုံကြည်မှု မယုံကြည်မှုတွေနဲ့ ဆင့်ကဲပြောကြားလာတဲ့ ပါးစပ်ပြော ဒဏ္ဍာရီရာဇဝင်တွေထဲ ရှင်သန်နေခဲ့တဲ့ ဒီသတ္တဝါတွေအကြောင်းကို ပြောပြတင်ဆက်ပေးသွားမဲ့
“ပါးစပ်ပြောရာဇဝင်တို့၏ဒဏ္ဍာရီ”
“မတူကွဲပြားဒေသအစားအစာများ”
နိုင်ငံအသီးသီး ဒေသအသီးသီး က ဟင်းလျာအစားအစာ ယဉ်ကျေးမှုတွေအကြောင်းကို ပြောပြတင်ဆက်ပေးထားတဲ့ Z-Lann ဇာတ်လမ်း ရဲ့ "မတူကွဲပြားဒေသအစားအစာများ"
“စူးစမ်းရှာဖွေကမ္ဘာ့အမွေ”
သုတရသအစုံအလင် တင်ဆက်ပေးနေတဲ့ ဇာတ်လမ်း က ဒီတစ်ခါမှာတော့ ပရိသတ်ကြီးတို့ကို “စူးစမ်းရှာဖွေ ကမ္ဘာ့အမွေ” ဆိုတဲ့ အစီအစဉ်အသစ်တစ်ခု နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အစီအစဉ်လေးရဲ့ အမည်အတိုင်း “ကမ္ဘာ့ဇီဝနယ်မြေအဖွဲ့အစည်း (UNESCO)” က သတ်မှတ်ထားတဲ့ ကမ္ဘာတစ်ဝှမ်းက တန်ဖိုးမဖြတ်နိုင်တဲ့ အဆောက်အဦးတွေ၊ နေရာဒေသတွေ၊ မြို့ဟောင်းတွေရဲ့ အကြောင်းကို ဗဟုသုတ စုံလင်စွာ ရှာဖွေ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီလို ထူးခြားလှတဲ့ ကမ္ဘာ့အမွေအနှစ်တွေကို ပရိသတ်ကြီးတို့လည်း ဇာတ်လမ်း နဲ့ အတူတူ စူးစမ်းရှာဖွေလိုက်ကြရအောင်နော်။